ဘာသာပြန် ဝန်ဆောင်မှုများ
ထရန်စ်နေရှင်နယ်လ်ဘာသာပြန်ဝန်ဆောင်မှု လုပ်ငန်းသည် ကမ္ဘာပေါ်တွင် လူသိများလှသော စီးပွားရေးလုပ်ငန်းများ၊ထုတ်ကုန်ပစ္စည်းများ အတွက်ဘာသာစကားပေါင်း ၂၄ မျိုးဖြင့် ဘာသာပြန်ဆိုကာဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ကျွန်တော် တို့တွင် အရည်အချင်း ပြည့်မီ၍ ကျွမ်း ကျင်ပြီး အသိအမှတ်ပြုလက်မှတ်ရထားသော စာရွက်စာတမ်းဘာသာပြန်ဆိုသူ တစ်ထောင်ကျော် နှင့် ဘာသာစကားပြန်ဆိုသူ ၆၀၀ ရှိပါသည်။ ၄င်းတို့ မှာ သက်ဆိုင်ရာနည်းပညာနယ်ပယ်၏ ထူးခြားသောဝိသေသ လက္ခဏာ နှင့် ညီညွတ် အောင် ဘာသာပြန်ဆိုနိုင်စွမ်းရှိကြပြီး အစိုးရ အဆင့်မီကြောင်းလည်းလက်ခံထားပြီးဖြစ်ပါသည်။ ကျွန်တော်တို့ အနေဖြင့် ကြော်ငြာ၊လက်ကမ်းစာစောင်၊ ပညာရေးဆိုင်ရာ ကိစ္စ၊ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စ၊ဆေးပညာဆိုင်ရာကိစ္စ၊ ဥပဒေပိုင်းဆိုင်ရာ ကိစ္စများ နှင့် အစိုးရ မူဝါဒပိုင်း ဆိုင်ရာ ကိစ္စများ အတွက်ဘာသာပြန်ဆိုပေးခြင်းကို အလေးထားလုပ်ကိုင်နေခြင်းဖြစ်ပါသည်။
တရားဝင်စာရွက်၊စာတမ်းများ
တရားဝင်စာရွက်စာတမ်းများ၊ယဉ်မောင်းလိုင်စင်၊ မှုခင်းဆိုင်ရာ ရဲထောက်ခံချက်၊ ဘွဲ့လက်မှတ် ၊ အောင်လက်မှတ်များ၊ တရားဥပဒေ ဆိုင်ရာစာရွက်၊ စာတမ်းများ ကို အဆင့်မီ ကျွမ်းကျင်သူများက ဘာသာပြန်ဆိုခြင်းနှင့် ပြန်လည်စစ်ဆေးခြင်းများ ကို ဆောင်ရွက်ပေးပါသည်။ ကျွန်တော်တို့ ၏ ဘာသာပြန်ဆိုခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ကို နယူးဇီလန် ပညာအရည်အချင်း ဆိုင်ရာ အာဏာပိုင်အဖွဲ့ (NZQA) ၊ နယူးဇီလန် လမ်းပန်းဆက်သွယ်ရေး အေဂျင်စီ(NZTA)၊အလုပ်အကိုင် နှင့်ဝင်ငွေ ဌာန (WINZ) နှင့် အခြေခံ စက်မှုလုပ်ငန်းဝန်ကြီးဌာန (MPI)၊ လူဝင်မှုကြီးကြပ်ရေး၊ရဲတပ်ဖွဲ့၊ အကောက်ခွန် ၊တရားရုံး၊စာရိတ္တပြုပြင်ရေး(ထောင်) တို့အပြင် အခြားသော အစိုးရ ဌာနဆိုင်ရာများမှလည်း လက်ခံထားပြီး ဖြစ်ပါသည်။
ဘာသာစကားပြန်ဆိုပေးခြင်း
ဘာသာစကား ပေါင်း ၂၄ မျိုးအတွက် ကျွမ်းကျင်ပြီး အရည်အချင်းပြည့်မီသော ဘာသာစကား ပြန်ဆို သူများမှာ ၄င်းတို့၏ သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိထားသူများဖြစ်ပါသည်။ ဘာသာပြန်ဆိုသူများကို ဘာသာစကားကြောင့် ဖြစ်ပေါ်နေရသော ဆက်သွယ်မှု ကွာဟ ချက်ကို ပေါင်းကူးပေးရန် နှင့် သက်မွေးဝမ်းကြောင်းမှု ဆိုင်ရာ ကျင့်ဝတ်၊ကျင့်ထုံး နှင့်အညီ လုပ်ကိုင်၊ဆောင်ရွက် ပေးရန် လေ့ကျင့်သင်ကြား ထားပြီး ဖြစ်ပါသည်။ ကျွန်တော် တို့ အနေဖြင့် ရဲ၊တရားရုံးဆိုင်ရာကိစ္စများ၊ ဆေးရုံ၊ဆေးခန်း နှင့် ဥပဒေဆိုင်ရာ ရှေ့နေ၏ အကြံ၊ဉာဏ်ရယူခြင်း ကိစ္စရပ်များ ၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း ဆိုင်ရာကိစ္စများ၊ တွေ့ဆုံမေးမြန်း၊အင်တာဗျူး ခြင်း အစီစဉ်များ၊ နိုင်ငံတွင်းကျင်းပ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ အပါအဝင်အားလုံးသော ကိစ္စရပ်များအတွက်ဘာသာပြန်ဆိုဆောင်ရွက်ပေး နေပါသည်။ ထို့အပြင် နှီးနှောဖလှယ်ပွဲ အခမ်းအနားများတွင် အသုံးပြုသော ကြိုးမဲ့ ကိရိယာ များ နှင့် နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့် အညီအဆင့်မီ တည်ဆောက်ထား သော ဘာသာပြန်သူများ အတွက် စတူဒီယို အခန်းငယ်လေးများ ငှါးရမ်းခြင်း၊ တပ်ဆင်ခြင်း များလည်းဆောင်ရွက်ပေးပါသည်။
ဒီဇိုင်းအပြင်အဆင်၊ အင်တာနက်ဝက်ဘ်ဆိုက်ဒ်၊ပုံနှိပ်ခြင်း
ကျွန်တော် တို့တွင် အင်တာနက်စာမျက်နှာ နှင့် စာစောင်များ ပုံနှိပ်ရန်အတွက် ဒီဇိုင်းအပြင် အဆင် ပြုလုပ်သူများမှာ နိုင်ငံခြားဘာသာစကား ၂ မျိုးကို တတ်ကျွမ်းသူများဖြစ်ကြပါသည်။ ထိုသူများက လူကြီးမင်းတို့၏ ကုန်အမှတ်တံဆိပ် ရုပ်ပုံလွှာအား အောင်မြင်စွာ ဘယ်လို နေရာချမည် ၊ ဘယ်လို ကကြည့်ကောင်းမည် ကို တိတိကျကျ သိရှိနားလည်ပြီးရည်ရွယ်ထားသော စားသုံးသူ ပရိတ်သတ်များကို ဆွဲဆောင်မှု ရှိမည် ဖြစ်ပါသည်။ ကျနော်တို့တွင် လူကြီးမင်းတို့၏ စိတ်တိုင်းကျ အင်တာနက်စာမျက်နှာ များ၊ သို့မဟုတ် ပုံနှိပ်စာစောင်များ ဖြစ်လာစေဖို့အတွက် ဖန်တီးရန်လိုအပ်သော နိုင်ငံခြားဘာသာပြန် ကွန်ပြူတာပရိုဂရမ် နှင့်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများလည်း ရှိပါသည်။ ထို့အပြင် စာစောင်များ ပုံနှိပ်ခြင်းကိစ္စအတွက် အစ၊အဆုံး ဝန်ဆောင်မှုများကိုလည်းလက်ကားစျေးနှုန်း ဖြင့်ဆောင်ရွက်ပေးနိုင်ပါသည်။
စီမံကိန်းဖေါ်ဆောင်ရေးအဖွဲ့
စီမံကိန်းဖေါ်ဆောင်ရေးအဖွဲ့တွင် ကျွမ်းကျင်သော ဘာသာပြန်သူများ၊ဘာသာစကား ပြန်ဆိုသူများ နှင့် ပုံစံထုတ်ရေးဆွဲသူ များပါဝင်ဖွဲ့စည်းထားပြီး လူကြီးမင်းတို့ကဲ့သို့ “တကယ် လုပ်ဆောင်နိုင်သူ” များပင်ဖြစ်ကြပါသည်။ စီမံကိန်းဖေါ်ဆောင်ရေး အဖွဲ့က စီမံကိန်း တစ်ခုချင်းအလိုက်ကို သေချာကောင်းမွန်စွာ ပြီးမြောက်စေရန်စူးစိုက်လုပ်ဆောင်ပေးနေပါသည်။
ထိုကဲ့သို့ လုပ်ဆောင် ခြင်း၏ ရလဒ်အဖြစ်လူကြီးမင်းတို့၏ စိတ်တိုင်းကျ လက်ရာကောင်းမွန်သေသပ်သော ဘာသာပြန်ဆိုမှု များ ဖြစ်လာစေရန်နှင့် ထိုဘာသာပြန်ဆိုမှုများ ၏ အရည်အသွေးကို ကြပ်ကြပ်မတ်မတ် စစ်ဆေး၍ စံချိန်မီသော ရလဒ်များရရှိလာစေဖို့ အချိန်မရွေး အာမခံနိုင်ပါသည်။
လူကြီးမင်းတို့ အနေဖြင့် အွန်လိုင်း အင်တာနက် အသုံးပြုပြီး ကျွန်တော် တို့နှင့်ဆက်သွယ်လုပ်ဆောင်နိုင် သကဲ့သို့အောက္ကလန်၊ဟယ်မီတန်၊တော်ရန်းဂ၊ရိုတိုရူးဝ၊နယူးပလိုင်းမောက်(သ်)၊ ဝယ်လင်တန်၊ ခရိုက်ချပ်ချ်၊ကွင်းစ်တောင်း နှင့် ဒန်နီဒင် မြို့များရှိ ကျွန်တော်တို့ရုံးခွဲများသို့လည်း ကိုယ်တိုင်လာရောက်ဆက်သွယ် လုပ်ဆောင်နိုင်ပါသည်။
အခမဲ့ခေါ်ဆိုရန် ဖုန်းနံပါတ်: ၀၈၀၀ ၀၀၀ ၃၃၉
တရားဝင် ယဉ်မောင်းလိုင်စင် ကို ဘာသာစကားပေါင်း ၂၄ မျိုးဖြင့် ဘာသာပြန်ခြင်း။
စုံစမ်းရန် အီးမေးလ် enquiries@transnational-ltd.co.nz